Home » » Running Man Ep 331

Running Man Ep 331

ယှဉ်ပြိုင်ဆော့ကစား ကြယ်ပွင့်များ အပိုင်း ၃၃၁

-----------------------------------

Theme: BAD SANTA’S MIRACLE

DECEMBER 25, 2016



Merry Christmas အထူးအစီစဉ်တွေနဲ့ ဒီတစ်ပတ်မှာ မင်းသမီးငယ်လေး Kim So Hyunက
Christmas နတ်သမီးလေးအဖြစ်နဲ့ RM အဖွဲ့ရဲ့ အစီစဉ်တင်ဆက်သူအဖြစ် ပါဝင်လာပါတယ်။

အဓိက Mission အနေနဲ့ Christmas Race with Bad Santa ဆိုတဲ့ခေါင်းစဉ်နဲ့ယှဉ်ပြိုင်စေခဲ့ပါတယ်။
ခေါင်းစဉ်တိုင်းပဲ သူတစ်ပါးကိုနှောင့်ယှက်ရင်း အမှတ်တွေယူရမှာမို့ အဖွဲ့သားချင်း
တစ်ဦးနဲ့တစ်ဦး နောက်ပြောင်နှောင့်ယှက်နေတာကလည်း ငယ်ငယ်က ကလေးတွေလိုပါပဲ။

အဖွဲ့လိုက်ကစားမယ့် ကစားနည်းတွေကို ရမှတ်အနေနဲ့ သာမိုမီတာတစ်ခုမှာ ဒီဂရီ သတ်မှတ်ချက်တွေနဲ့
100°C ရောက်တဲ့အထိ တစ်ပွဲချင်းစီ ယှဉ်ပြိုင်သွားခဲ့ကြပါတယ်။

SBS Prism Tower in Sangam-dong မှာ ကစားပွဲ ပထမပိုင်းကိုစတင်ခဲ့ပြီး
နေ့ခင်းမှာတော့ RM အဖွဲ့နဲ့ မူကြိုကလေးငယ်တို့ အားပြိုင်ပွဲကလည်း စိတ်ဝင်စားစရာပါ။

ပွဲသိမ်းကစားနည်းအဖြစ် "Telepathy" ခေါင်းစဉ်နဲ့ အစီစဉ်တင်ဆက်သူက မေးသမျှကို
အဖွဲ့ဝင်တစ်ယောက်က ဖြေ သူ့အဖြေနဲ့ ကျန်၅ယောက်ရဲ့အဖြေ ထပ်တူညီဖို့ ဘာဆက်သွယ်မှုမှမရှိပဲ
စိတ်ထင်တဲ့အတိုင်းဖြေဆိုရာမှာတော့  . . .

RM အဖွဲ့သားတွေရဲ့ တစ်ယောက်ကိုတစ်ယောက် စည်းလုံးညီညွတ်မှုက အံ့မခန်းဖြစ်စရာပါလို့ 
တင်ပြရင်း ဒီတစ်ပတ် Merry Christmas ရက်သတ္တပတ်ကို ပျော်ရွှင်စွာ အဆုံးသတ်လိုက်ပါတယ်။

(အညွှန်းကိုတော့ onestar မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်)

Translated: Sai Kyaw Lynn

Encoded : Pyae Sone Moe


Watch and download
Share this article :

0 comments:

Post a Comment

 
Copyright © 2017 Variety Myanmar
Customized By Jc Earnest